On Burmese junta’s upcoming film awards ceremony, authorities’ ban on his acting career for offering alms to protesting monks in September 2007 and his new found life in social and humanitarian activism
ဒါတွေကဟာ ကံဇာတ်ဆရာရဲ့ အလိုကျဖြစ်ခဲ့တာ။ ရုပ်ရှင်အလုပ်က အတ္တဟိတအလုပ်၊ လူမှုရေးအလုပ်တွေက ပရဟိတအလုပ်။ ရတဲ့ ပီတိနဲ့ အပျော်က အများကြီးကွာပါတယ်။
ကိုကျော်သူနဲ့ ဆက်သွယ်မေးမြန်းချက်
လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာရုပ်ရှင်ပရိသတ်တွေ စောင့်စားလေ့ရှိတဲ့ အကယ်ဒမီရုပ်ရှင် ထူးချွန်ဆုပေးပွဲ မြို့တော်သစ် နေပြည်တော်မှာ ကျင်းပမယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီအကယ်ဒမီဆုပေးပွဲကို နိုင်ငံကျော် အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ် ဒါရိုက်တာတဦးဖြစ်ခဲ့ပြီး အခု လူမှုရေး လုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေတဲ့ ကိုကျော်သူကို အာဏာပိုင်တွေက ဖိတ်ကြားတာမရှိဘူးလို့ သိရပါတယ်။
သူ့အနေနဲ့ အကယ်ဒမီနဲ့ပတ်သက်လို့ကတော့ ခံစားချက်မရှိတော့ပါဘူးလို့ ပြောပါတယ်။ ရုပ်ရှင်လောကက မောင်းထုတ်ခံထားရတာဖြစ်ပြီး ရုပ်ရှင်အနုပညာအလုပ်ကို လုပ်ခွင့်မရတာ ၂ နှစ်ခွဲကျော်ရှိပြီဆိုတော့ ရုပ်ရှင်လောကနဲ့လည်း စိမ်းနေပါပြီလို့ ဆိုပါတယ်။
ကိုကျော်သူကတော့ အရင်က သူကျင်လည်ခဲ့တဲ့ ရုပ်ရှင်အနုပညာလုပ်ငန်းဟာ အတ္တဟိတ လုပ်ငန်းဖြစ်ပြီး အခုလုပ်ကိုင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကတော့ အများအကျိုးသယ်ပိုးရတဲ့ ပရဟိတလုပ်ငန်း ဖြစ်တဲ့အတွက် ရတဲ့ ပီတိနဲ့ အပျော်ဟာ အများကြီးကွာခြားတယ်လို့ ဆိုပါတယ်။
ပြည်သူချစ် အောင်မြင်တဲ့ အနုပညာသည်တဦးလည်းဖြစ်၊ လူမှုရေးလုပ်ငန်းတွေလုပ်နေသူလည်းဖြစ် တဲ့ ကိုဇာဂနာမွေးနေ့ နဲ့ပတ်သက်ပြီး ကိုဇာဂနာရဲ့ လုပ်ဖော်ကိုင်ဖက်တယောက်အနေနဲ့ ကိုဇာဂနာရဲ့ မွေးနေ့မှာ အမှတ်တရ စကားတခွန်းပြောပါဆိုတော့ ကိုကျော်သူက
“ကျနော်တို့က မွေးဖွားလာပြီးတော့ သေဆုံးမယ်။ မွေးဖွားတာနဲ့ သေဆုံးတာကြားမှာ အချိန် အခိုက်အတန့်လေးရှိတယ်။ ဒီအချိန်အခိုက်အတန့်လေးမှာ အများအတွက် တန်ဖိုးရှိတဲ့ လုပ်ငန်းတွေလုပ်သွားတဲ့သူတွေရှိသလို ကိုယ့်အတွက်ချည်းပဲ လုပ်သွားတဲ့သူတွေရှိတယ်။ အဲလိုအများအတွက် လုပ်တဲ့အခါမှာ အများအတွက်လည်းလုပ်တယ်။ ကိုယ့်သံသရာအတွက်လည်း အကျိုးရှိအောင် လုပ်ကြပါလို့ ကျနော် ပြောချင်ပါတယ်။”
ရုပ်ရှင်အကယ်ဒမီ၊ အနုပညာအလုပ်နဲ့ လူမှုရေးအလုပ်၊ နောက်ကိုဇာဂနာမွေးနေ့ စတာတွေနဲ့ ပတ်သက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)က ဥက္ကဌ ကိုကျော်သူကို အာအက်ဖ်အေ ၀ိုင်းတော်သား ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.
Read more about actor Kyaw Thu. Read more about comedian Zarganar.
Go to Kyaw Thu fans page on Facebook.
Visit Kyaw Thu’s Free Funeral Services Society.
