When Zarganar, Burma’s most popular comedian, was arrested on June 4, 2008, at 10:30 PM, he was very active in his humanitarian mission for victims of Cyclone Nargis. We did not understand why such a person was arrested for doing such a good things for humanity, said then 83-year-old mother, Daw Kyi Oo. For Kyaw Thu, Burma’s famous humanitarian actor, detention of Zaganar by authorities meant a great loss for humanitarian colleagues, as well as for the cyclone victims. Both interviews were conducted and aired on June 6, 2008 from Radio Free Asia’s Burmese Service.
Zarganar’s mother, who was in the first interview, was passed away at 84 on March 20, 2009, while her comedian son had been sentenced to 65 years and transferred to Myintkyina prison, Burma’s one of the remote prisons in northern Kachin State.
ကိုဇာဂနာအဖမ်းခံရအပြီး ကိုဇာဂနာ့အမေနဲ့ လုပ်ဖော်ကိုင်ဖက် ကိုကျော်သူတို့ကို ဆက်သွယ်မေးမြန်းချက်များ
ကိုဇာဂနာရဲ့ မွေးနေ့ အကြောင်းနဲ့ အကယ်ဒမီအကြောင်း ကိုကျော်သူနဲ့မေးမြန်းခဲ့တာကို လူအများစိတ်ဝင်တစား ၀င်ရောက်ဖတ်ကြ နားထောင်ကြတာတွေ့ရတော့ ကိုဇာဂနာ အဖမ်းခံရပြီလို့ သေချာသွားတဲ့အချိန် ကိုကျော်သူနဲ့ ကိုဇာဂနာမိခင်ကြီး ဒေါ်ကြည်ဦးတို့ကို ကျနော့်ဆက်သွယ်မေးမြန်းပြီး လွတ်လပ်တဲ့ အာရှအသံ (အာအက်ဖ်အေ) ရေဒီယိုကနေ ထုတ်လွှင့်ခဲ့ဖူးတာကို ကျနော့ ဘလော့ဂ်မှာ အမှတ်တရ ပြန်တင်လိုက်တာပါ။
ကိုဇာဂနာကို ကလေးဘ၀ ၈ တန်းကျောင်းသားကတည်းက မြန်မာ့ရုပ်မြင်သံကြားကလာတဲ့ အငြိမ့်ခန်းတွေမှာ မပြတ်တန်းကြည့်ဖူး။ ကြိုက်ဖူးခဲ့ပါတယ်။ သူ့စိတ်ကူးနဲ့ သူ့အပြောအဆို လေယူလေသိမ်းကအစ သဘောကျခဲ့တာ နှစ်ပေါင်း ၂၀ သာကျော်လာပါတယ်။ အကြိုက်မပျက်ပါ။
ရန်ကုန် စာပေလောကနဲ့ စာနယ်ဇင်းလောကကို ၁၉၉၉ မှာ ရောက်လာပေမယ့် ကိုဇာဂနာနဲ့ သိပ်မဆုံခဲ့ရပါ။
၂၀၀၁ လောက်က ဆရာစံခန်းမမှာ လင်းဦးတာရာ ကိုအောင်(ကိုအောင်စိုးမင်း)က ပြင်သစ်သူ မချိုချိုကို မင်းသမီးအဖြစ် ပွဲထုတ်ပြီး အငြိမ့်ဗီဒီယိုရိုက်တော့ ကျနော့ကိုပါ လိုက်ကြည့်ဖို့ ခေါ်တော့ လိုက်သွားပါတယ်၊ အဲဒီမှာ ကိုဇာဂနာနဲ့ ကိုငှက်ပျောကျော်တို့ကို လူချင်းတွေ့ဖူးပါတယ်။ လူချင်းမိတ်ဆက်ပေးတော့ ကျနော် အယ်ဒီတာလုပ်နေတဲ့ မြန်မာသစ်ဂျာနယ်အကြောင်း နည်းနည်းပြောဖြစ်ပါတယ်။ ဒီတခါပဲ လူချင်းတွေ့ဖူး စကားပြောဖူးပါတယ်။
အပြင်ရောက်လာပြီး ရေဒီယိုမှာ အသံလွှင့်ဝန်ထမ်းဝင်လုပ်တော့ သူ့ပြောတာ၊ သူလုပ်တာတွေ ပိုသိမြင်ကြားတွေ့လာရပါတယ်။
ဒါပေမယ့် အကြောင်းမဆုံတော့ အင်တာဗျူးတို့ သတင်းတို့ မလုပ်ဖြစ်ပါ။ တခြားသူတွေ လုပ်ကြတာများပါတယ်။
၂၀၀၈ ဇွန်လ ၄ ရက် ည ၁၀ နာရီခန့်က ခဏဆိုပြီး အာဏာပိုင်တွေက ကိုဇာဂနာကို လာပြီး ခေါ်သွားတာ နောက်ရက်တွေမှ ဖမ်းတာမှန်း သေချာသွားပါတယ်။ နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကျအပြီး ကယ်ဆယ်ရေးအလုပ်တွေကို ကြိုးကြိုးစားစားလုပ်နေချိန် တလခန့်အကြာမှာ အဖမ်းခံရဖြစ်ပါတယ်။
သူအဖမ်းခံရတယ်လို့ အသေချာပြောနိုင်တဲ့ ဇွန် ၆ ရက်နေ့ကတော့ တာဝန်ကျတဲ့နေ့လည်းဖြစ်တော့ ကိုဇာဂနာရဲ့ အမေ ဆရာမကြီး ဒေါ်ကြည်ဦးနဲ့ ကယ်ဆယ်ရေးလုပ်နေတဲ့ သူ့လို ပြည်သူချစ် ထင်ရှားတဲ့ အနုပညာရှင် (ဆွမ်းလောင်းပြီး ကုသိုလ်ယူဖက်) ကိုကျော်သူတို့ ကို ကျနော် ဆက်သွယ်မေးမြန်းပြီး သတင်းယူခဲ့ပါတယ်။
ဒီဆက်သွယ်မေးမြန်းချက်တွေထဲက ကိုဇာဂနာရဲ့ အမေ ဆရာမကြီး ဒေါ်ကြည်ဦးဟာ ၂၀၀၉ (မနှစ်က) မတ်လ ၂၀ ရက်နေ့ အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ စိတ်မကောင်းစရာက ကိုဇာဂနာဟာ ထောင်ဒဏ် နှစ်ရှည်ချခံထားရပြီး မြစ်ကြီးနားထောင်ကို ရောက်နေချိန်ဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းချက်တွေကို အောက်မှာ နားဆင်ကြည့်နိုင်ပါတယ်။
အမေတို့နားမလည်နိုင်အောင်ဖြစ်ရတယ်
- ဒေါ်ကြည်ဦး၊ ကိုဇာဂနာရဲ့ မိခင်
ကိုဇာဂနာရဲ့ မိခင် ဒေါ်ကြည်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
Copyright © 1998-2010 Radio Free Asia. All rights reserved.
အင်အားတခု ဆုံးရှုံးသွားတာပါပဲ။ ဒုက္ခသည်တွေအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။
- သရုပ်ဆောင်ကျော်သူ
ရုပ်ရှင်သရုပ်ဆောင် ကျော်သူနဲ့ ဆက်သွယ်မေးမြန်းချက်
Copyright © 1998-2010 Radio Free Asia. All rights reserved.
Other than the original audio reports and the news stories, the views expressed on this blogs are of mine alone and do not necessarily reflect the views of Radio Free Asia. This is just a personal blog and it is not officially related to or endorsed by Radio Free Asia.